Descriptive Analytics ဟာ Business Intelligence (BI) စနစ်ရဲ့ 💖အသည်းနှလုံး💖 လို့ တင်စားပြီးပြောလို့ရပါတယ်... 🟩ယခင် post တစ်ခုမှာ ဖော်ပြခဲ့သလိုပဲ Analytics ကို “ယေဘုယျ” အားဖြင့် အပိုင်း ၃

11 months ago 3 Replies
CA
Charm Myae Aung
1 year ago

Descriptive Analytics ဟာ Business Intelligence (BI) စနစ်ရဲ့ 💖အသည်းနှလုံး💖 လို့ တင်စားပြီးပြောလို့ရပါတယ်...

🟩ယခင် post တစ်ခုမှာ ဖော်ပြခဲ့သလိုပဲ Analytics ကို “ယေဘုယျ” အားဖြင့် အပိုင်း ၃ ပိုင်းခွဲခြားလေ့လာနိုင်ပါတယ်... Descriptive, Predictive, Prescriptive ဆိုပြီးတော့ပါ... ဒါဟာ အပိုင်း ၃ ပိုင်းဖြစ်သလိုပဲ လုပ်ငန်းစဉ် ၃ ခုလည်းပဲ ဖြစ်ပါတယ်... တစ်ခုနဲ့ တစ်ခုဟာ အချိတ်အဆက်တွေရှိနေမှာဖြစ်ပြီး တစ်ခုပြီးမှတစ်ခု ဆောင်ရွက်ရတာမျိုးပါ...

🟩ပထမဦးဆုံးအနေနဲ့ စတင်ဆောင်ရွက်ရမယ့် ဒီ Descriptive Analytics ဟာ ပြီးခဲ့တဲ့ကာလမှာရှိတဲ့ အချက်အလက်တွေအကြောင်းကို ဖော်ထုတ်ပြသ၊ စုစည်းပေးပြီး “ဘာတွေဖြစ်ခဲ့လဲ” ဆိုတာကို စိစစ်တာဖြစ်ပါတယ်... ဒါအပြင် လက်ရှိအခြေအနေမှာလည်း “ဘာတွေဖြစ်နေလဲ” ဆိုတာကို စိစစ်တဲ့အပိုင်းလည်းပါဝင်ပါတယ်... Case of real-time analysis တွေပါ...

🟩Descriptive Analytics ဆောင်ရွက်ခြင်းအားဖြင့် “ဘာတွေဖြစ်ခဲ့လဲ”၊ “ဘာတွေဖြစ်နေလဲ” ဆိုတာတွေကို သိရှိလာပြီး ဒီကနေနောက်တစ်ဆင့်အနေနဲ့ နောင်ကာလာတွေမှာကော “ဘာတွေဖြစ်လာနိုင်ချေရှိလဲ” ဆိုတာကို ဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်...

🟩Descriptive Analytics ဆောင်ရွက်ခြင်းမှာ “ယေဘုယျ” အားဖြင့် အောက်ပါအတိုင်း အဆင့် ၃ ဆင့် ခွဲခြားနိုင်ပါတယ်...
(1) Data Modeling
(2) Visualization
(3) Reporting

🟥 Data Modeling 🟥
Data Modeling ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အချက်အလက်တွေနဲ့ အချက်အလက်တွေမှာပါဝင်တဲ့ အစိတ်အပိုင်းတစ်ခုချင်းစီကို စနစ်တကျ ဖွဲ့စည်းတည်ဆောက်ပြီးပုံစံချတာ၊ တစ်ခုနဲ့တစ်ခု ချိတ်ဆက်မှု (relationship) တွေကို အတည်ပြုသတ်မှတ်တာတွေ ဖြစ်ပါတယ်...

🟥 Visualization 🟥
အားလုံးသိထားတဲ့အတိုင်းပဲ visualization ဆိုတာကတော့ decision maker တွေ သတင်းအချက်အလက်ပိုမိုရရှိစေဖို့ ရည်ရွယ်ပြီး အချက်အလက်တွေကို သင့်လျော်တဲ့၊ ဆီလျော်တဲ့ chart တွေနဲ့ ပြသတာဖြစ်ပါတယ်...

Descriptive Analytics ဆိုတာ တွက်ချက်မှု (math) သပ်သပ်မဟုတ်ပါဘူး၊ သတင်းအချက်အလက်ဆက်သွယ်မှု (communication) သာလျှင်ဖြစ်ပါတယ်... ဒါကြောင့် visualization ဟာ descriptive analytics မှာ အရေးပါပါတယ်...

🟥 Reporting 🟥
Reporting အမျိုးအစား ၃ မျိုးရှိပါတယ်... လိုအပ်တဲ့ ရည်ရွယ်ချက်ပေါ်မူတည်ပြီး သင့်လျော်တဲ့ report အမျိုးအစားကို ထုတ်ပေးဖို့လိုအပ်ပါတယ်...

(1) Standard reporting and dashboards
(2) Ad-hoc reporting
(3) Analysis/ query/ drill-down

ဆက်လက်မျှဝေဆွေးနွေးပါအုံးမည်...
dacap03 (28-03-2023)

Next Post⏭️⏭️⏭️ “Practical Data Modeling with Example Business Case Study”

17 Likes

Replies

Charm Myae Aung 1 year ago

Data Analysis Process (Overview) https://www.facebook.com/groups/2840450699524025/posts/3434358330133256/

Data Accessing Process https://www.facebook.com/groups/2840450699524025/posts/3439697912932631/

Data Scanning Process https://www.facebook.com/groups/2840450699524025/posts/3443982432504179/

Data Visualization Process https://www.facebook.com/groups/2840450699524025/posts/3451230558446033/

Data Analysis Tools https://www.facebook.com/groups/2840450699524025/posts/3454123131490109/

Data Transformation https://www.facebook.com/groups/2840450699524025/posts/3462484573987298/

Analyzing (Microsoft Excel) https://www.facebook.com/groups/2840450699524025/posts/3466352476933841/

3 Likes
Charm Myae Aung 1 year ago

Data Analytics ဆိုတာဘာလဲ? https://www.facebook.com/groups/2840450699524025/posts/3508483772720711/

Data Analyst တစ်ယောက် လုပ်တော့မယ်ဆိုရင်... (DA Road Map) https://www.facebook.com/groups/2840450699524025/posts/3508995106002911/

Descriptive Analytics ဟာ Business Intelligence (BI) စနစ်ရဲ့ အသည်းနှလုံး Current Post

Practical Data Modeling with Business Case Study Example Next Post

3 Likes
Myo Thet Naing 11 months ago

Aye Chan Ko

1 Like
Relate Discussions